Tuesday, December 30, 2008

အင်တာနက်ပေါ်တွင် မိမိကိုယ်မိမိ ကာကွယ်ရအောင်

ခုဆို အင်တာနက် Websites တွေ၊ Blog တွေပေါ်မှာ မိန်းကလေးနာမည်နဲ့ ဓာတ်ပုံတွေ၊ တစ်ဦးတစ်ယောက်ကို ထိခိုက်စော်ကားရေးသားချက်တွေ၊ တစ်ဦးတစ်ယောက်နာမည်ကို အလွယ်သုံးစားအသုံးပြုမှုတွေ အရမ်းများလာပါတယ်... ဒါတွေကို အချိန်မှီသိဖို့၊ ဖြေရှင်းနိုင်ဖို့၊ ကာကွယ်ဖို့ လိုအပ်ပါတယ်...

Google ရဲ့ Google Alerts Services ကိုအသုံးပြုပြီး မိမိနာမည်ကို အင်တာနက်မှာ အလွဲသုံးစားပြုမှုတွေကို ရှာဖွေနိုင်ပါတယ်။

၁။ Google Alerts ကိုသွားပါ။ (http://www.google.com/alerts)
၂။ Search Terms မှာ မိမိနာမည်ကို ရိုက်ပါ။ Type မှာ Web ကိုရွေးပါ။ (News, Blogs, Groups စသည်တို့ကိုလည်းရွေးနိုင်ပါတယ်) How Often မှာ Web ပေါ်မှာရောက်တာနဲ့သိရအောင် as-it-happens ကိုရွေးပါ။ ( Once a week, Once a day ဆိုပြီးလည်းရွေးနိုင်ပါတယ်)
၃။ Your Email မှာကိုယ်ရဲ့အီးမေးလိပ်စာကိုထည့်ပါ။
၎။ အားလုံးပြီးရင် Create Alert ကို နှိပ်ပါ။
၅။ Google Alert Created ဆိုတဲ့ Webpage ပေါ်လာပါလိမ့်မယ်။ မိမိအီးမေးကို Confirm လုပ်ရန် ကိုယ့်မေးထဲကို အီးမေးတစ်စောင်လာပါလိမ့်မယ်။
၆။ မိမိအီးမေး Inbox ကိုသွားပါ။ Click to confirm your Google Alert ဆိုသောအီးမေးကိုဖွင့်ပြီး Verify this Google Alert request အောက်မှ http://www.google.com/alerts/verify?s=...... နှင့်စသော link ကိုနှိပ်ပါ။
၇။ Your Google Alert request [ ကျော်စွာ ] has been created. ဆိုသည့် Webpage ကိုမြင်ရပါလိမ့်မယ်။ ခုချိန်ကစပြီး မိမိနာမည်ပါတဲ့ Website ကိုတွေ့တာနဲ့ မိမိအီးမေးထဲကို အဲဒီ Links တွေရောက်လာပါလိမ့်မယ်။

No comments: