Sunday, January 18, 2009

Networking Fundamentals


ကျွန်တော်တို့ သုံးစွဲနေသော Network(ကွန်ယက်) ဆိုတဲ့ စကားလုံးဟာ အရမ်းကျယ်ပြန့်လှပါတယ်။ ဘာလို့လဲဆိုတော့ Neural Network(biological Network), Radio Network(ရေဒီယိုကွန်ယက်), Television Network(ကေဘယ်ကွန်ယက်), Telecommunications Network(ဆက်သွယ်ရေးကွန်ယက်), Social Network(လူမှုရေးဆက်ဆံရေး), Transportation Network(လမ်းပမ်းဆက်သွယ်ရေး) ဆိုပြီး Network အမျိုးမျိုးရှိလို့ပါပဲ။ ကွန်ပြူတာသမားတွေပြောနေကြတဲ့ Network တော့ Data Communication Network ပဲဖြစ်ပါတယ်။ ကျွန်တော့် Blog မှာလည်း Network, Networking, ကွန်ယက် စတာတွေကို
Data Communication Network ကိုပဲရည်းညွှန်းသုံးစွဲမှာဖြစ်ပါတယ်။

Network ချိတ်ဆက်ရခြင်းရဲ့ အရည်ရွယ်ချက်ကတော့ နေရာအဆုံမှာရှိနေသောလူတွေ၊ အလွှာအသီးသီးကလူတွေဟာ ကွန်ပြူတာ၊ ဖုန်း၊ အခြားဆက်သွယ်လို့ရမယ့် devices တွေသုံးပြီး Information(သတင်းအချက်အလက်)တွေကို ဖလှယ်(share)ဖို့ဖြစ်ပါတယ်။ အဲလိုကွန်ပြူတာတွေကို ချိတ်ဆက်ပြီးဖလှယ်တဲ့အခါ computer devicesတွေ၊ hardwareတွေ၊ softwareတွေ၊ ဆက်သွယ်မှုနည်းလမ်းတွေဟာ အဆင်ပြေပြေနဲ့ ဆက်သွယ်ပေါင်းဆက်အသုံးပြုနိုင်အောင် Standard Rule (ဘုံဥပဒေသ)ဆိုတာလိုပါတယ်။ ဥပမာ - ASUS ကထုတ်လုပ်လိုက်တဲ့ motherboard မှာပါတဲ့ Memory Slot မှာ Kingston Memory ကိုအသုံးပြုနိုင်ဖို့ PIN number ဘယ်လောက်ရှိရမယ်၊ PINတွေရဲ့ အရွယ်အစားဟာဘယ်လောက်ရှိရမယ် စတဲ့ Standard တွေကို လိုက်နာရပါလိမ့်မယ်။ အလားတူပဲ Cisco ကထုတ်လုပ်လိုက်တဲ့ Router port မှာ AMP network connector ကိုအသုံးပြုနိုင်ဖို့ Connector PIN အရွယ်အစား၊ Send PIN၊ Receive PINတွေအလုပ်လုပ်ပုံဟာ Standard တစ်ခုအတိုင်းဖြစ်နေမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ အဲဒါကြောင့် International Standards Organization (ISO) ကနေ Networking မှာအခြေခံကျလှတဲ့ OSI Seven Layer Model ဆိုပြီး Standard တစ်ခုကို စံ ပြုခဲ့ကြပါတယ်။

OSI Seven Layer အကြောင်းကို နောက်ပိုစ့်မှာ ဆက်လက်ရေးသားသွားပါ့မယ်။


Sunday, January 11, 2009

Email တွေကို forward လုပ်တဲ့အခါ

ကျွန်တော်တို့တွေ Email တွေကို Forward လုပ်ကြတဲ့အခါ spam email တွေအတွက် Email address တွေကိုစုပေးနေသလို ဖြစ်နေပါတယ်။ သူငယ်ချင်းတွေကို ကြည့်စေချင်လို့ သိစေချင်လို့ ပို့လိုက်တဲ့ ကိုယ့်ရဲ့Email ဟာ Spammerတွေကို Email address တွေပေးနေသလိုဖြစ်နေပါတယ်။ ဥပမာ... Forward mail တစ်ခုကို ဖွင့်ပြီး Show details ကြည့်တဲ့အခါ


ကိုယ် forward လုပ်လိုက်တဲ့လူတွေရဲ့ Email Address တွေကိုမြင်နေရပါလိမ့်မယ်။ Email ထဲမှာလည်း ဘယ်သူကဘယ်သူကို forward လုပ်ခဲ့တယ်ဆိုတာကို ခုလိုမြင်နေရပါလိမ့်မယ်။

ဒီထက်ဆိုးတာက တစ်ချို့ ချက်သူတွေဟာ နာမည်တွေကို rename လုပ်တာတို့၊ အသက်၊ နေရပ်လိပ်စာတွေကို renameလုပ်ပြီး မှတ်ထားတာတို့၊ လုပ်တာကြောင့် ကိုယ့်ရဲ့ forward mail ကနေအခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဖြန့်ဝေသလိုဖြစ်နေပါတယ်။ နောက်တစ်ခုက Email ရဲ့ Subject မှာ Fwd: ဆိုတာကြီးပါနေတာဟာ သူများဆီကရတာကို အလွယ်တကူပို့ပေးသလို ဖြစ်ပါတယ်။ ဒါကြောင့် Email တွေကို forward လုပ်တဲ့အခါ Subject က Fwd: ဆိုတာရယ်၊ ကိုယ့် forward mail ကမလိုတဲ့စာသားတွေကို ဖျက်ပြီးမှပို့သင့်ပါတယ်။ Email Address တွေကိုလည်း To တို့ Cc တို့ ကမပို့ဘဲ Bcc ကပို့သင့်ပါတယ်။ ကျွန်တော် မသိတသိရေးတာကို ခွင့်လွှတ်ပြီးဖတ်မယ်လို့ မျှော်လင့်ပါတယ်။